သူငယ်ချင်းတို့ရေ့ရွာသားတယောက်ရဲ့ခံစားချက်နဲ့ ကဗျာလေးတပုဒ်ရေးမီတယ့် ဘ၀ကဗျာလေးပါ့ရွာကိုေ တော့ သတိရမိတယ့် ကျောင်းသွား၊ကျောင်းပြန် walking ရိုက်ခဲ့ရတဲ့အချိန်တွေ ၊ မိုးထဲရေထဲ ကျောင်းပြေးခဲ့တာတွေ၊ ကျောင်းမသွားပဲ တောထဲခရီးဆန့် နေခဲ့တာတွေ ၊ ဗွီဒီယိုကြည့်ပြီး ကျောင်းပြေးနေခဲ့တဲ့ အချိန်တွေ ၊ အစော်ခံထိခဲ့တဲ့အချိန်တွေ( ဆရာညို ကိုပိုသတိရမိတယ်၊ သူတို့ရဲ့စေတနာတွေ အခုမှနားလည်းမိ ခဲ့တယ် --
* ရွာကျောင်းမှာ(၄)တန်းအောင်
မောင်ထောင်မှာ ကျောင်းတက်ဖို့
တက်ကြွနေတဲ့ ကျွန်တော့်စိတ်တွေ
ပျော်နေသလိုလို စိုးရိမ်ပူပန်နေသလိုလို
- ဝေခွဲမရခဲ့ဘူး ... ။
* ကျောင်းစတက်တဲ့ ပထမဆုံးနေ့မှာ
အမေက ကျွန်တော့်အတွက် ----
ကြက်ဥတလုံးကိုကြော် မြေပဲဆန်ကိုဆားဖြူး
ထမင်းဗူးလေးထည့်ပေး
(၂၀)သောမုန့်ဖိုး မင်းအတွက်ဆိုပေး
သြ--တွေးကြည့်လိုက်တော့ --
လွမ်းစရာလား ဆွေးစရာလား ....
အလွမ်း အဆွေး အသောတွေရောနေတဲ့ "ဘ၀လား" ။
အမေက ကျွန်တော့်အတွက် ----
ကြက်ဥတလုံးကိုကြော် မြေပဲဆန်ကိုဆားဖြူး
ထမင်းဗူးလေးထည့်ပေး
(၂၀)သောမုန့်ဖိုး မင်းအတွက်ဆိုပေး
သြ--တွေးကြည့်လိုက်တော့ --
လွမ်းစရာလား ဆွေးစရာလား ....
အလွမ်း အဆွေး အသောတွေရောနေတဲ့ "ဘ၀လား" ။
* မောင်ထောင်ကျောင်းကြီးကို ရောက်တော့မယ်
လှမ်းမြင်နေရပြီ ....
Senior ကျောင်းသားတွေက သတိပေးကြတယ်
ကန်တော်ကြီးပေါ်မတက်ခင် ဖိနပ်ကိုချွတ်
အသားငါးပါရင်အောက်ကသွားတဲ့ ........
ကျွန်တော်ကတော့ အသားမပါ ကြက်ဥဗလာကြော်မို့
ဖိနပ်လေးကိုချွတ် ရိုသေတဲ့ပုံစံလေးနဲ့ တက်ခဲ့တာပေါ့ .... .။
လှမ်းမြင်နေရပြီ ....
Senior ကျောင်းသားတွေက သတိပေးကြတယ်
ကန်တော်ကြီးပေါ်မတက်ခင် ဖိနပ်ကိုချွတ်
အသားငါးပါရင်အောက်ကသွားတဲ့ ........
ကျွန်တော်ကတော့ အသားမပါ ကြက်ဥဗလာကြော်မို့
ဖိနပ်လေးကိုချွတ် ရိုသေတဲ့ပုံစံလေးနဲ့ တက်ခဲ့တာပေါ့ .... .။
* နားကြမယ်ဟေ့ .......
ထမင်းဗူးကိုယ်စီဖွင့်
Breakfast ဆိုပြီးတ၀က်စား
သွားကြမယ်ဟေ့
ကျောင်းထဲကိုဝင် ရင်တွေကတဒိန်းဒိန်း
ကျောင်းစဖွင့်တဲ့ပထမနေလး ...... ။
ထမင်းဗူးကိုယ်စီဖွင့်
Breakfast ဆိုပြီးတ၀က်စား
သွားကြမယ်ဟေ့
ကျောင်းထဲကိုဝင် ရင်တွေကတဒိန်းဒိန်း
ကျောင်းစဖွင့်တဲ့ပထမနေလး ...... ။
* အခန်းတွေခွဲ နေရာတွေပေး
ကျတဲ့အခန်းက အေခန်း---
လူတော်တွေနေတဲ့ အေခန်း--
ကိုယ်အကြောင်းကိုသိလို့ သွေးပျက်နေမိခဲ့---
ဆိုးလှတဲ့အဖြစ် နားကန်းတလုံးမှ နားမလဲ
မျဉ်းကြောင်းတော် ဖြောင့်အောင်မရေးတတ် --
လူတော်တွေကြားထဲ အားငယ်နေမိခဲ့ ........................။
ကျတဲ့အခန်းက အေခန်း---
လူတော်တွေနေတဲ့ အေခန်း--
ကိုယ်အကြောင်းကိုသိလို့ သွေးပျက်နေမိခဲ့---
ဆိုးလှတဲ့အဖြစ် နားကန်းတလုံးမှ နားမလဲ
မျဉ်းကြောင်းတော် ဖြောင့်အောင်မရေးတတ် --
လူတော်တွေကြားထဲ အားငယ်နေမိခဲ့ ........................။
* ဆရာကပေးတဲ့ Exercise တွက်ဖို့စဉ်းစားမယ်လုပ်တုန်း
ပြီးတဲ့သူလာပြ
ဆရာရဲ့လေသံ--
အရင်ပြီးတဲ့သူ့တပည့်အတွက် ဂုဏ်ယူပေးမယ့် သူရဲ့လေသံ
ဆရာအသံမဆုံးခင် တ၀က်လောက်က အလုအယက်
စာအုပ်ကိုထပ် . . . .
ကြည့်လိုက်ပါအုံး ဘယ်သေူတွေလည်း မမေးနဲ့
ထိပ်ဆုံးက ကျွန်တော် ဆရာအဖြေကိုစောင့်မျှောနေသူ
ကြောင်တော်တောင်မျက်လုံးလေးနဲ့
ဘေးနားကသူငယ်ချင်း ပြမလားလို့
သူ့ကိုငေး
" ငေးပါနဲ့အေ တို့လည်းလေ ဘ၀တူပဲမို့
ထူပါဘူးအေ "
* ဘယ်မရညာ ၊ ညာမရရှေ့၊ ရှေ့မရနောက်
လိုက်ကြည့်မိတော့ .စာအုပ်ကိုပိတ်
မျက်နှာကိုခပ်တင်းတင်း ....
ကိုယ့်ဟာကိုတွက်ပါလားဆိုတဲ့ ဟန်မျိုး ..
နောက်ဆုံး ရိုက်ချင်လည်းရိုက် ဆူချင်လည်းဆူ
မထူးတတ်ခင်း
မပြီးသေးတဲ့စာအုပ်ကိုပိတ်
အိပ်ငိုက်နေလိုက်တော့တယ် .............................။

0 Comments:
Post a Comment