(၅)တန်းစတက်ခဲ့ပြီး---
ကျောင်းဖွင့်တာမှ(၁)လမပြည့်သေး
အရိုက်ခံဖို့ အကြောင်းကလာပြီ ။
* စုစုပေါင်း(၆)ရောက်
ဆရာမရှေ့တန်းစီ---
ဘာဇာတ်ကားလည်းမေးတော့
´´စက္ကမယန္တရား´´လို့တယောက်ကဖြေ
မှားနေပြီတဲ့ ´´ဘယ်က´´စက္ကမယန္တရား´´ မှလည်း
´´စက္ကောမန္တရား´´ဟဲ့တဲ့
တော်ပါပေ့ ကျောင်းရွာသားတွေရယ်
ဆရာမရဲ့ချီးကျူးသံ ဘေးကဆရာတွေဟားတိုက်
စိတ်အိုက်လိုက်တဲ့အဖြစ်။
* ထန်းလျှက်ပြားနဲ့(၃)ချက်စီရိုက်
ငို့မဲ့မဲ့မျက်နှာ--
မကြည့်တော့ပါဘူးဆိုတဲ့မျက်နှာ
ကြောက်ပါပြီဆိုတဲ့မျက်နှာ
ဗွီဒီယိုရုံမသွားတော့ပါဘူးဆိုတဲ့ ခြေလှမ်းတွေနဲ့
အခန်းဘက်ဆီ လျှောက်ခဲ့။
ဗွီဒီယိုနေတိုင်းကြည့်ဖြစ်တာက ကျွန်တော်
နေ့လယ်ပိုင်းကျောင်းဆင်းရင်
ဦးမြင့်သူဗွီဒီယိုရုံကိုပြေး
ကပ်ပေါက်ကချောင်း ဇာတ်လမ်းကိုတ၀က်တပျက်ကြည့်
အချိန်မှီကျောင်းကိုပြေး
မောနေခဲ့တာကျွန်တော် ။
* စာဆိုရင်လာမပြောနဲ့
ဘာတခုမှ နားမလည်ခဲ့ပေ
သူများတွေပျော်ကြတဲ့ ဆုချီးမြင့်ပွဲ
တခါမှမတက်ခဲ့
အဲဒီနေ့ဆို ရုံးပိတ်ရက်သတ်မှတ်
အကောင်းဆုံးဗွီဒီယိုရုံကိုရွေးကြည့်
ဘာတခုမှ အသိမရှိခဲ့ပေ
* မောင်းထောင်ကျောင်းမှသူငယ်ချင်းများ
အားလုံးကိုအမှတ်ရမိပါတယ်
မှတ်မှတ်ရရ သတိရမိတယ်သူတွေ၏
အားလုံးကိုပဲ
မောင်းထောင်ကျောင်းသူတွေကိုတော့မိုလိုအမှတ်တရ
သူတို့ကစာတော်ကြတာကိုး
popular လည်းဖြစ်
လှလည်းလှကြတယ်လေ ။

0 Comments:
Post a Comment