Tuesday, November 29, 2011

ပထမနှစ်ကျောင်းတက်တုန်းကဗျာတပုဒ်

သူ့နာမည်လေးက မိုမို
သူ့အပြုံးလေးကချိုချို
သိပ်လိုက်ဖက်တဲ့သူ့ပင်ကိုယ်
ပင်ကိုယ်သဘာဝ သူ့အလှ
သိပ်လိုက်ဖက်လို့ ကျွန်တော်သဘောကျ
သဘောကျပါတယ် ကောင်မလေးရယ်
ဒို့ဘ၀ရဲ့ အချစ်စစ်နဲ့ပါကွယ်
အချစ်စစ်သဘော ဖွင့်ကပြော
ဆယ်ကမာတိုင်အောင်ချစ်မယ့်သဘော
ဆယ်ကမာတိုင်လို့ ကမာကြီးပျက်ပါစေကွယ်
ဒို့အချစ်က မပျက်ပျယ်ပါဘူးကွယ်
မပျက်ပျယ်တဲ့ဒို့အချစ် ရောက်တဲ့ဘ၀မှာ မင်းကိုချစ်
နိဗာန်တိုင်အောင်မင်းကို ချစ်

(မှတ်ချက် ၊ ဒီကဗျာလေးကို ပထမနှစ်ကျောင်းတက်တုန်း ရှမ်းမလေးတယောက်ကိုပေးခဲ့သည်
ဒါပေမယ့် သူနဲက အဲဒီနှစ်မှာ တွေ့ဖြစ်လိုက်။ မေဂျာကွဲတဲ့အတွက် နောက်နှစ်မှာ မတွေ့ဖြစ်။
အခုထိတော့ မမေ့သေး ။ ၀၀ကစ်ကစ်လေး ချစ်စရာ့လေးပါ့ ( ကျွန်တော့်မျက်စေ့ထဲမှာနော်)
ကံတရားက ဆုံခွင့်မမေးခဲ့တာလား ၊ ကိုယ်ပဲကြံတာလားတော့မသိ )

0 Comments: