Thursday, October 1, 2009

ဘုန်းကြီးကျောင်းသား

ကျွန်တော်ဘုန်းကြီးကျောင်းသားဘ၀ကို သတိရမိတယ်ဗျာ--၉၊၁၀ တန်းတုန်းက မောင်းထောင်
ကုန်းသာ တိုက်အလယ်ကျောင်းကနေ ကျွန်တော်ကျောင်းတက်ခဲ့တာမို့ပါ့အဲဒီတုန်းက ကျောင်းသားကကျွန်တော် အပါဝင်(၅)ယောက်ရှိတာ့ မွန်တော်က ညီအစ်ကို(၂)ယောက် ၊ မြောက်တောသားက(၂)ယောက်သူတို့ ရွာနာမည်တွေကိုတော့ မေ့နေပြီဗျာ့
[ ဆက်ဖတ်ရန် +/- ]

(၉)တန်းရောက်တော့ Q ရှင်တက်ရတာအဆင်ပြေအောင်လို့ဆိုပြီး အဖေ ကအဲဒီကျောင်းကိုထားပေးခဲ့တာ့တကယ်လည်းအဆင်ပြေပါတယ့့် ကျူရှင်က ဘုန်းကြီးကျောင်းနဲ့ သိပ်မဝေးဘူးလေ့ဘုန်းကြီး ကျောင်းမှာနေရတာ ကျွန်တ်ေပျော်တယ်ဗျာ့မပျော်တဲ့အချိန်ဆိုလို့ တစ်ချိန်ပဲရှိတယ့့်ဘုရားဝတ်တက်တဲ့
အချိန်ဗျာ့ဘုရားဝတ်တက်တာကလည်း(၇)နာရီလောက်ကန(၈)ခွဲ(၉)နာရီလောက်မှ ပြီးတယ်ဗျာ့ဆရာတော့ကလည်း နေတိုင်း တက်ရမယ်လို့ အမိန့်ချတားတာ့တရက်တလေများမပျက်နဲ့ ပျက်လို့ကတော့(၁)နာရီလောက်သြ၀ါဒမေးခံရတာ့ဘုရားဝတတ်မယ်ဆို ဆရာတော်ကရှေ့ဆုံးကထိုင်တယ့့်ဦးဇင်း၊ကိုရင်တွေက၀ါစဉ်လိုနောက်ကနေတတန်းထိုင်တယ့့်ကျွန်တော်တို့ကျောင်းသားတွေက နောက်ဆုံးကတန်းပေါ့နေ့အလိုက်ပရိတ်ရွတ်ကြတယ့့်ကျွန်တော်တို့ကတော့ ပရိတ်မရဘူ့း့မင်္ဂလာသုတ်ပဲရတယ် (အဆုံးမရ)့နောက်ဆုံးကထိုင်ပြီး အိပ်ငိုက်တာပေါ့ဗျာ့ဘုရားဝတ်ပြီးရင် တီဗွီကြည့်လိုက်သေးတယ့်ညာဘက်အပြင်ထွက်လို့တော့မရဘူ့းဘာလို့လည်းဆိုတော့ကျွန်တော်ကဆရာ တော် နေတဲ့ကျောင်းကြီးပေါ်မှာနေတာဆိုတော့ဆရာတော်က(၁၀)နာရီလောက်ဆို တံခါးပိတ်တယ်လေ့အပြင်သွားလို့ကတော့ တံခါးဖွင့်မပေးဘူ့း့ ကျောင်းဆောင်ကြိးပေါ်မှာက ဆရာတော်ရယ် ၊ကိုရင်(၃)ပါးရယ် ၊ကျွန်တော်အပါအ၀င်ကျောင်းသား(၂)ယောက်နေကြတာ့ဆရာတော်က တရားဟောကောင်းတယ့့်ညဘက်ဆိုရင် ကျွန်တော်အိပ်မှပဲ ဆရာတော်အိပ်တယ့် ဘာလို့လည်းဆိုတော့ ကျွန်တော်စာကျက်ပြီးလို့အိပ်ပြိဆို မီးမပိတ်တော့ဘူ့း့တခါတည်းအိပ်တယ့့်ဆရာတော်ကပဲ မီးပိတ်ပေးတယ့့် မီးမလာလို့ဖရောင်းတိုင်နဲ့ကျက်ရင်လည်း မီးမငြိမ်းပဲအိပ်တတ်လို့အောက်ခံစားပွဲလည်းမီးလောင်လို့လောင့့်ဖျာလည်းလောင်လို့လောင့့် အိပ်ငိုက်တော့ ကိုယ့်ဆံပင်မွေးတောင်လောင်တယ်ဗျာ့ အရမ်းကြိုးစားတယ်မထင်နဲ့ နာရီဝက်လောက်ပဲဖတ်ရသေးတာ --လူက အိပ်ငိုင်ချင်နေပြီ ) စနေ၊တနင်္ဂနွေဆိုရင် ကိုရင်တွေနဲ့ဘောလုံးကန်တယ်ဗျာ့ပြီးရင် ဆိုရန်ဖြစ်ကြတယ့် ပျော်စရာတော့ကောင်းတယ်ဗျာ့ မနက်ကျောင်းမသွားခင်ကျွန်တော်တို့ ဖရိတ်ဖတ်ကို ဟင်းပေါင်းရယ် ၊ ထမင်းကြမ်းကမသိုးရင်
အဲဒါနဲ့ရောသမမွေလုပ်ပြီးစားကြတယ့် ကျွန်တော်ကတော့ဟင်းပေါင်းကိုကြိုက်တယ်ဗျာ့နေ့လယ်ဘက်ကျောင်း
ဆင်းရင်အမြန်ပြေးရတယ့့်ဖြည်းဖြည်းချင်းလျှောက်နေလို့ကတော့ မရဘူ့း့ဝေးလည်းဝေးတာကို့စက်ဘီး
ကလည်းမရှိဘူလေဗျာ့ရောက်တာနဲ့ ကျန်တဲ့ထမင်းနဲ့ဟင်းကို ဝေပြီးစားရတာပေါ့ဗျာ့ညနေစာကတော့ နေ့
ခင်းကကျန်နဲ့ထမင်းကို ဟင်းပေါင်းနဲ့ထပ်မျှောရတာပေါ့မောင်းထောင်ရွာ က ကျွန်တော်တို့ ကျေးဇူးရှင်တွေပါ
(၉)တန်း(၁၀)တန်း(၂)နှစ်လုံး မောင်းထောင်က ဒကာ၊ဒကာမတွေကျွေးတာစားပြီး ကျောင်းတက်လာရတာ့
ဆရာတော်နောက်ဘုန်းကြီးကျောင်းသားလိုက်လုပ်ရတာပျော်စရာတော့ကောင်းတယ်ဗျာ့ကျောင်း
ဖွင့်ရက်ပိတ်ရက်တွေမှာ လူမရှိရင့့်ကျွန်တော်တို့က သာရေး၊နာရေးတွေလိုက်ရတယ့့်ကျောင်းပိတ်ရက်မှာ
ကတော့မလွတ်ဘူ့း့မောင်းထောင်ဘုန်းကြီးကျောင်းတွေအားကျွန်တော်ရောက်ဖူးတယ့့် မြကွမ်းတော် ၊
တောင်ကျောင်းကြီ၊အာသောက ၊သပြေပင်၊တိုက်သစ် ၊လက်ခုပ်ပင်၊ကျောင်းသစ် ၊ရွေဓါးကန် ၊အားလုံးနီးပါ
တောင်ကုန်း တို့ ၊ လယ်တီ တို့ ငါးရေ၀င်တို့ လည်းလိုက်ဖူးတယ်ဗျာ့တောင်ကုန်းကတော့ ဆရာတောဇာတိ
ဆိုတော့ အစုတိုးလို့ ရောက်ဖူးတယ့့် နာရေးဆိုရင် ကျောင်းသားတွေက မလိုက်ချင်ကြဘူ့း့ မသာတခေါက်
ကျောင်းဆယ်ခေါက် ဆိုတာကို လက်မခံကြဘူ့း့ မောင်းထောင်ကဘုရားပွဲတွေဆို ရင်တော် ကိုယ်တောင်မလိုဘူးဗျာ့အရပ်ထဲက လူတွေက လိုက်ချင်လွန်းကြတယ့့်သူတို့ က မျက်မှန်ကြီး စတိုင်ကျကျတပ်ပြီး တိုးချင်ကြတာလေ့ ကုန်းသာတိုက်အလယ်ကျောင်းကို သတိရတယ်ဗျာ့ ဆရာတော် ရယ် ၊ကိုယ်ရင်တွေရယ် ၊ကျောင်းသားတွေရယ် မောင်းထောင်ရွာ ကြီးကို ကျေးဇူးတင်တယ်ဗျာ့



0 Comments: